ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဈေးနှုန်းသက်သာတဲ့ ဆေးဆိုင်၊စတိုးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ၂၀၁၈ အတွင်းမှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ သတင်းရရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုဖြင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဆေးရုံကြီးကြပ်ရေးကော်မတီက ဦးစီးကာ ၁၀ ရာခိုင်နှုန်း ထက်မပိုတဲ့ အမြတ်နဲ့ရောင်းချပေးမယ့် ဆိုင်တွေကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးဆိုင်တွေကို ကန်ထရိုက်ပေးခြင်း မပြုဖို့ တားမြစ်ထားပြီး သက်သာဆိုင်တွေ ဖွင့်လှစ်ရင်လည်း အမြတ်တင်မရောင်းဖို့ ကွန်ပျူတာစနစ်အသုံးပြုတာ၊ သီးသန့်ဝန်ထမ်းများခန့်ထားတာနဲ့ စားသောက်ဆိုင်တွေသန့်ရှင်းမှုရှိစေဖို့ မီးနဲ့ နေရာကို စနစ်တကျ စီစဉ်ပေးရမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟာ ခုတင် ၂,၀၀၀ ဆံ့ဆေးရုံကြီး ဖြစ်ပြီး ပြင်ပလူနာ ၈၀၀ ခန့်ရှိကာ အတွင်းလူနာ ၁၈၀၀ ခန့်ရှိပါတယ်။

Credit : original